မေး။ ။ သင့်ဘဝမှာကော သရဏဂုံသုံးပါးကို စတင်ဆောက်တည်ပြီးကတည်းက ဘယ်လို အပြောင်းအလဲတွေများ ရှိပါသေးသလဲ ။
ဖြေ။ ။ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ကျော် အတွင်းမှာ မရေတွက်နိုင်လောက်အောင် များပြားတဲ့ သူတော်စင်ဗုဒ္ဓဘာသာဝင်တွေရဲ့ နည်းလမ်း အတိုင်းပါပဲ ။ မိမိ အနေနှင့် လည်း ဗုဒ္ဓ တရားတော်တွေဟာ--ခက်ခဲကြမ်းတမ်းမူတွေကြေားမှာ အသိတရား အလင်းရောင်ကို ဆောင်ကြဉ်းပေးတယ် ။
အဓိပ္ပာယ်ကင်းမဲ့လှတဲ့ ဘဝကို အဓိပ္ပာယ်တွေနှင့် ဖြည့်ပေးတယ် ။ မိမိ ဘဝကို ဦးဆောင်လမ်းညွှန်ဖို့ ညှာတာတတ်မူ ၊ သနားကြင်နာတတ်မူ စတဲ့ ကိုယ်ကျင့်တရားတွေကို သွန်သင်ပေးတယ် ။နောင်လာမည့် ဘဝမှာ စိတ်ထား ဖြူစင်မူနှင့် ပြီးပြည့်စုံမူတွေကို ဘယ်လို ရယူနိုင်တယ်ဆိုတာကိုလည်း သွန်သင်ပေးပါတယ် ။
အိန္ဒိယရဲ့ ရှေခေတ် ကဗျာဆရာတစ်ဦးက ဗုဒ္ဓအကြောင်း အောက်ပါ အတိုင်း စပ်ဆိုခဲ့ပါတယ် ။
ဗုဒ္ဒကို ကိုးကွယ် ဆည်းကပ်ခြင်း ၊
ဗုဒ္ဓဂုဏ်တော်ကို ချီးကျူးဖွဲ့ ဆိုခြင်း ၊
ဗုဒ္ဓကို ချီးမြှောက် ပူဇော်ခြင်း၊
ဗုဒ္ဒ ဓမ္မကို လိုက်နာ ကျင့်သုံးခြင်းဆိုတာ---
သမ္မာဒိဌိရှေးသွားရှိတဲ့ ပြုမူကျင့်ဆောင်ခြင်းပါပဲ ။
ဒီ ဖွဲ့ဆိုချက်တစ်ခုလုံးကို မိမိ သိပ်သဘောကျပါတယ် ။
မေး။ ။ ကျွန်တော်ကို သူကိုးကွယ်တဲ့ သာဘာခြားသို့ ကူးပြောင်းဖို့ အမြဲတမ်း ကြိုးစားသိမ်းသွင်းနေတဲ့ သူငယ်ချင်းတစ်ဦး ရှိပါတယ် ။သူ့ ဘာသာတရားကို မိမိက လုံးဝ စိတ်မဝင်စားလို့ မရတဲ့ အကြောင်း ပြောပြပေမယ့် သူ့အနေနဲ့ မိမိကို အခွဲနိုင်ဘူး ဖြစ်နေပြန်တယ်။ အဲဒါ ဘယ်လို လုပ်ရပါ့မလဲ။
ဖြေ။ ။ သင့်အနေနဲ့ ပထမဆုံး နားလည်ထားရမှာက ဒီင်္လူဟာ သင့် ရဲ့ စစ်မှန်တဲ့ မိတ်ဆွေကောင်း တစ်ဦး မဟုတ်ဘူးဆိုတာပါပဲ ။မိတ်ဆွေကောင်းတစ်ဦးသာဆိုရင် သင်ဟာ ဘာပဲဖြစ်နေနေ အရှိကို အရှိအတိုင်း လက်ခံနိုင်ရမယ် ။ ပြီးတော့ သင့်ဆန္ဒကို အသိအမှတ်ပြု အလေးထားရမှာပဲ ။မိမိ အမြင်ပြောရရင်တော့ ဒီပုဂ္ဂိုလ်ဟာ သင့်ကို သူ့ဘာသာထဲ သိမ်းသွင်းစည်းရုံးနိုင်ရေးအတွက် မိတ်ဆွေယောင် ဆောင်ထားတဲ့ မိတ်ဆွေတု သက်သက်ပဲ ဖြစ်ပါလိမ့်မယ် ။ သင့် အပေါ် သူတို့ရဲ့ ဆန္ဒကို အတင်းပြဌာန်းဖို့ ကြိုးစားသူတွေဟာ ဘယ်တော့မှ..သင့်ရဲ့ စစ်မှန်တဲ့ မိတ်ဆွေကောင်းတွေ ဖြစ်မလာနိုင်ဘူးဆိုတာ မှတ်ယူထားသင့်ပါတယ် ။
မေး။ ။ ဒါပေမယ့် သူက မိမိအား သူကိုးကွယ်တဲ့ ဘာသာကို သူနှင့် အတူ တကွ ပါဝင်ကိုးကွယ်စေချင်တာပဲ ဖြစ်တယ်လို့ ဆိုနေပြန်ပါတယ် ။
ဖြေ။ ။ မိမိကိုးကွယ်တဲ့ ဘာသာတရားကို တစ်ခြားသူတွေကို မျှဝေပေးခြင်းဟာ မွန်မြတ်ပါတယ် ။ ဒါပေမယ့် မျှဝေခြင်း (Sharing) နှင့် အတင်းပြဌာန်းခြင်း (Imposing) ဟာမတူညီဘူးဆိုတာကို သင့်မိတ်ဆွေ သဘောပေါက်ပုံမရပါဘူး ။မိမိမှာ ပန်းသီးတစ်လုံး ရှိတယ်ဆိုပါတော့ ။အဲဒီပန်းသီးရဲ့ တစ်ခြမ်းကို သင့်ကို မျှပေးတယ် ။ သင်ကလည်း လက်ခံတယ် ။ ဒါဟာ မျှဝေမူပါပဲ ။ ဒီလိုမဟုတ်ဘဲ သင်က ကျွန်ုပ်ကို အခုလိုပြောလာတယ် ဆိုပါတော့ --ကျွန်တော်တော့ နည်းနည်း စားထားပြီးပါပြီ ၊ဒါပေမယ့် ဒီပန်းသီးခြမ်းလေးကိုတော့ လက်ခံစေချင်ပါတယ်ဆိုပြီး လက်မခံမချင်း အတင်းတိုက်တွန်းလာတယ်ဆိုရင် ဒါကို မျှဝေခြင်းလို့ ပြောလို့ မရတော့ပါဘူး ။
သင့်မိတ်ဆွေလို လူစားတွေက မျှဝေမူတို့၊ မေတ္တာတို့ ၊သဘောထာကြီးမူတို့ လို စကားလုံးလှလှတွေကို တွင်တွင်သုံးပြီး သူတို့ရဲ့ မရိုးသားမူကို ဖုံးကွယ်ဖို့ ကြိုးစားတတ်ကြတယ် ။ဒါပေမယ့် ဘယ်လောက်ပဲ အပြော ကောင်းကောင်း သူတို့ရဲ့ အမူအရာတွေက အချိုးပြေမှာ မဟုတ်သလို ဆိုးတာကတော့ ဆိုးနေမှာပါပဲ ။
မေ။ ။ ဒါဆိုရင် သူ့ကို ဘယ်လိုလုပ် ခွဲခွါ ရပါမလဲ ။
ဖြေ။ ။ ဒါက အလွယ်လေးပါ ။ ပထမ သင့်ကိုသင် ငါဘာလိုချင်တာလဲဆိုတာ ကိုယ့်စိတ်ကိုကိုယ် ရှင်းရှင်းကလေး ထားလိုက်စမ်းပါ ။ ဒုတိယ စိတ်ထဲမှာ ဆုံးဖြတ်ထားတဲ့အတိုင်း တိုတို ရှင်းရှင်းပဲ သူ့ကိုပြောပြလိုက်ပါ ။တတိယ ဒီကိစ္စ အပေါ် မင်းဘယ်လို ယုံကြည်သလဲဆိုတဲ့ အမေးမျိုး(းဒါမှ မဟုတ်) မင်းဟာကျွန်ုပ်နှင့်အတူ တွေ့ဆုံပွဲတက်ရောက်လိုတဲ့ဆန္ဒ ဘာကြောင့် မရှိရတာလဲဆိုတဲ့ မေးခွန်းမျိုး သူ့ဘက်က မေးလာတတ်ပါတယ် ။ ဒီလိုသာမေးလာခဲ့ရင် အစတုန်းက ဆုံးဖြတ်ထားတဲ့ အတိုင်းပဲ ရှင်းရှင်းလင်းလင်း ၊ယဉ်ယဉ်ကျေးကျေးနှင့် ခပ်တည်တည်လေးပဲ ထပ်ပြောပြလိုက်ပါ ။
အခုလို သင့်ရဲ့ ဖိတ်ခေါ်မူ အတွက် ကျေးဇူးတော့တင်ပါတယ် ။
ဒါပေမယ့် ကျွန်ုပ်အနေနှင့် သင့်ရဲ့ ဆန္ဒနှင့် အညီတော့ မပါဝင်နိုင်ဘူး ။
ဘာကြောင့်ပါလဲ..? ။
ဒါကတော့ ကျွန်ုပ်ကိစ္စ သက်သက်ပဲ၊ ကျွန်ုပ် မလာချင်ဘူး ။
ဒီတွေ့ဆုံပွဲမှာ လူတော် လူကောင်းတွေ တော်တော် များများ တက်ရောက်ကြမှာ ။
ယုံတော့ ယုံပါတယ် ။ ဒါပေမယ့် လိုက်မလုပ်နိုင်ပါဘူး ။ဒါပါပဲ ။
ကျွန်ုပ်က သင့်ကို အလေးထားလို့ အခုလိုခေါ်တာပါ ။
သင်က အခုလို အလေးထားဖော်ရလို့ ဝမ်းသာပါတယ် ။ ဒါပေမယ့် ကျွန်ုပ် မပါ ပါရစေနဲ့ ။ အကယ်၍ သင့်ဘက်သာ ရှင်းရှင်းလင်းလင်း စိတ် ရှည်လက်ရှည် တည့်တည့် မတ်မတ် ထပ်ပြောပြီး ပါဝင် ဆွေးနွေးဖို့ ငြင်းလိုက်ရင် နောက်ဆုံးမှာတော့ သူ့ဘက်က လက်လျော့သွားမှာပါ ။ ဒီလိုလုပ်ရတာဟာ နည်းနည်းတော့ မျက်နှာပူစရာ ကောင်းပါတယ် ။ ဒါပေမယ့် တခြားသူတွေ အပေါ်မှာ မိမိရဲ့ ယုံကြည်ချက်တွေ၊ ဆန္ဒတွေကို အတင်းတိုက်တွန်း ပြဌာန်းပေးလို့ မရကောင်းဘူးဆိုတာ လူတွေ သိထားဖို့ အထူးပဲ အရေးကြီးလှပါတယ် ။
မေး။ ။ ဗုဒ္ဓဘာသာဝင်တွေအနေနှင့်ကတော့ တခြားဘာသာဝင်တွေ ကို မိမိတို့ရဲ့ ဗုဒ္ဓ ဓမ္မကို မျှဝေသင့်ပါလား ။
ဖြေ။ ။ ဟုတ်ပါတယ်။ မျှဝေသင့်တာပါပဲ ။ ဗုဒ္ဓဘာသာဝင်အများစုဟာ မျှဝေတာနှင့် အတင်းတိုက်တွန်းပြဌာန်းတာ မတူဘူးဆိုတာကို ကောင်းကောင်း သဘောပေါက်ကြတယ်လို့ ထင်ပါတယ် ။ဗုဒ္ဓဝါဒ ဆိုင်ရာ အကြောင်းအရာတွေကို လူတွေက မေးကြတယ်ဆိုရင် ပြောသာ ပြောပါ ။ မမေးရင်တောင် ပြောတန် ပြောရမှာပါပဲ ။ တကယ်လို့ လူတွေရဲ့ အပြောအဆို အသုံး အနုန်းတွေ၊ အပြုအမူတွေက ဆွေးနွေးချက် အပေါ် လက်သင့် မခံဘူးဆိုတာ အချက်ပြနေရင်တော့ သူတို့ ဆန္ဒကိုပဲ ဦးစားပေးပါ ။
နောက်တစ်ချက် သတိချပ်ရမှာက ဓမ္မရေးရာတွေကို အသိပေး ဖြန့်ဝေရာမှာ ဟောပြောပြသမူနည်းနှင့် ဖြန့်ဝေတာထက် လက်တွေ့ကျင့်သုံးမူနည်းနှင့် ဖြန့်ဝေတာက ပိုမိုထိရောက်တယ်ဆိုတာပါပဲ ။ ဓမ္မ အကြောင်း သွန်သင် ပြသရာမှာ----အစဉ်သဖြင့် ဓမ္မဓိဌာန်ကျကျ ။ညင်ညင် သာသာ ၊ စိတ်ရှည် လက်ရှည် ၊အလေး အနက် တရိုတသေရှိပါစေ ။ဓမ္မ အလင်းဟာ ကိုယ့်ရဲ့ အပြောအဆိုနှင့် ဆောက်ရွက်ပြုမူသမျှသော လုပ်ရပ်တွေရဲ့ ရှေ့ပြေး အနေနှင့် လင်းလက်တောက်ပနိုင်ပါစေ ။ သင်ရော ကျွန်ုပ်ပါ ဓမ္မရေးရာတွေကို ကောင်းစွာ တတ်သိပြီး အပြည့်အဝ ကျင့်သုံးမယ်၊ တခြားသူတွေကိုလည်း စေတနာ အရိုးခံသက်သက်ဖြင့် ဖြန့်ဝေပေးမယ်ဆိုရင် အားလုံးအတွက် အကျိုးထူး အနန္တကို မလွဲတမ်း ရယူနိုင်ကြမှာပဲ ဖြစ်ပါတယ် ။
(စင်္ကာပူနိုင်ငံတွင် အုပ်ရေ ၃၀၀၀၀ကျော် ထုတ်ဝေခဲ့ရသော တရုပ်၊ တမီးလ်၊ နီပေါနှင့် အခြားဘာသာများစွာသို့ ပြန်ဆို ခဲ့ရသော- - -
GOOD QUESTION GOOD ANSWER
Ven.S.Dhammika
ထိုစာအုပ်ကို
ဗုဒ္ဓဓမ္မ ဆွေးနွေးချက်များ
ဒေါက်တာနန္ဒောဘာသ (ကာလကတ္တား)
မြန်မာပြန်သည်
A bilingual edition အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ
ဒေါက်တာနန္ဒောဘာသ (ကာလကတ္တား) ဆရာတော်မှာ စာရေးသူ၏
ဆရာသမား ဖြစ်ပါသည် ။

ဟိတကာရီ-အရှင်ကုဏ္ဍလ
No comments:
Post a Comment