Thursday, 22 December 2011

တိကျခိုင်မာမူနှင့် ရည်ရွယ်ချက်


လူဆိုသည်မှာ…မည်သည့်အရာကိုပင် လုပ်လုပ် တိကျသော ခိုင်မာသော ရည်ရွယ်ချက် ရည်မှန်းချက်နှင့် 

ပြည့်စုံရပေသည်။ တိကျမူ မရှိသူ ခိုင်မာမူ မရှိသူတို့သည် ဦးတည်ရာမဲ့ ခုတ်မောင်းနေသော သင်္ဘေား 

တစ်စီးအလားသန္တာန် တူပါ၏။ လူသားတို့ဘဝတွင် မိမိ လိုချင်သည့်အရာကို တိတိကျကျ သိထားသည် 

သာမက ထိုအရာကို ရရှိရေးအတွက် အလုပ်များနေသူတစ်ဦး အဖို့ ဤ ကမ္ဘာကြီးသည် ထာဝရ 

သာယာနေပါလိမ့်မည်။


ဥပမာ အနေဖြင့်ဆိုရလျှင် ပညာရေးကို ဦးတည်နေသော စာသင်သား တစ်ယောက်သည် 

သို့မဟုတ်ကျောင်းသား တစ်ယောက်သည် မိမိ လိုချင်သော စာမေးပွဲတည်းဟူသော ပန်းတိုင်ကို 

မရောက်မချင်း လျှော်ခတ်ရမည် ဖြစ်ပါသည်။ လျှော်ခတ်သည်ဆိုရာဝယ် တိကျ ခိုင်မာသော

လျှော်ခတ်မူမျိုးနှင့်သာ.ထိုပညာရေးမှာ ပြည့်စုံမည် ဖြစ်ပါ၏ သို့တည်းမဟုတ်ဘဲနှင့် လွဲချော်သော 

စာကျက်မူ လွဲချော်သော အတွေး အခေါ် အယူ အဆ တို့နှင့် ခရီး ဆက်နေမည်ဆိုပါက ထိုစာသင်သား၏ 

ပညာရေးသည်။ တိကျမူ မရှိသောခိုင်မာမူ မရှိသောပညာရေးတစ်ရပ်အဖြစ်ဖြင့်သာ ရူမြင်ရမည် ဖြစ်ပါ၏။ 

ထိုအပြင် မိမိ လေ့လာလိုက်စားနေသော ပညာရေ၏ အတိမ် အနက်ကို အရေးမစိုက် ဂရုမပြုလျှင်။ 

အောင်ဂဇက်များ ထွက်သောအခါ မိမိ နာမည် မပါ သည်နှင့် ရင်ဆိုင်ရမည်ဖြစ်ပါသည်။ ကျန်သည့် 

သူငယ်ချင်းများ အောင်ပြီး မိမိကျန်ရစ်သည်ဆိုသည်မှာ။ အစကတည်းက မိမိ၏ တိကျမူနှင်ခိုင်မာ 

ပြတ်သားမူ မရှိဆိုသည်ကို နားလည်ရမည် ဖြစ်ပါ၏။

ထို့အတူပင် စီးပွားရေးကို လုပ်ဆောင် နေသော သူများသည်လည်း။ စီးပွားရေးကို အပတ်တစ်ကုတ် 

မကြိုးစားပဲ စီးပွားရေးနှင့်  မသက်ဆိုင်သည့် အရာများကို လုပ်နေမည်ဆိုပါက။ စီးပွားရေး၏ ရုံးဆုံးမူမျိုးကို 

မလွဲ မသွေ ခံစားရမည် ဖြစ်ပါသည်။ဆိုလိုသည်မှာ မည်သည့် အရာကိုဖြစ်စေ အဓိကကျသော 

ရည်ရွယ်ချက် တိတိကျကျ မရှိသူ တစ်ယောက်သည် လမ်းပြ အိမ်မြှောင် မပါရှိသော သင်္ဘောတစ်စီးကဲ့သို့ 

အားကိုးရာ မဲ့နေပေလိမ်မည်။

ထိုနည်းတူစွာပင် အဖွဲ့အစည်း တစ်ခုသည်လည်း။ တိတိကျကျ ခိုင်ခိုင်မာမာ အခြခံသဘောတရား 

များဖြစ်သည် ဖောင်ဒေးရှင်း အုတ်မြစ် မရှိလျှင် ။ ထို အဖွဲ့အစည်းသည် ရည်ရှည်မှာ လုံးဝ ရပ်တည်နိုင်မည်

မဟုတ်ပါ။ မြန်မာဆိုရိုးစကား၌ အစ ကောင်းမှ အနှောင်းသေချာ ဟူသော စကား ရှိပေသည်။ 

မည်သည့်အရာပင် မဆို အစ ကောင်းဖို့လိုအပ်လှပါသည်။ အစကောင်းခဲ့လျှင် အနှောင်းဖြစ်သော 

အရာများသည် သေချာတိကျနေမည်ဖြစ်ပါ၏။ စာရေးသူ ဒီနေရာ၌ ဆရာသမား ဟောနေကြ 

တရားတော်အစပိုင်းမှာဟောလေ့ဟောထ ရွက်လေ ရွက်ထရှိသော ကဗျာလေးကို အမှတ်သတိ ရမိသည်။ 

စာရေးသူ ဆရာသမား ရွက်ဆိုနေကျ ကဗျာလေးမှာ=ရှေးကကောင်းလို့အခုကောင်းပါသည် အခုကောင်း 

နောင်ကောင်းပါလိမ့်မည်။ ရှေးကမကောင်းလို့ အခုမကောင်းပါသည် အခုမကောင်း 

နောင်မကောင်းပါလိမ့်မည် ဟူ၍ ဖြစ်ပေသည်။ ထိုနည်းတူစွာပင် သံသာရာ ခရီသွားဖြစ်ကြသော 

လူသားတို့မှာလည်း။ အခုကတည်းက ကောင်းဖို့ရန် အရေးကြီးလှပေသည်။ ယခုကောင်းခဲ့လျှင် နောင် 

ကောင်းဖို့အတွက်မှာ သေချာလှပေသည်။ ဤသို့မဟုတ်ပါက သွားနေသော ခရီးနှင့်လမ်း လွဲမည်မှာ 

သေချာသည်။
လောကလူသားတို၌ ကြွယ်ဝချမ်းသာမူမှန်သမျှတို့တွင် ရှင်းလင်းစွာတွေးတောတတ်သည် အလေ့အကျင့် 

ပါဝင်နေလေ့ရှိသည်။ အကယ်၍ သင်ထံတွင် ဘဝအတွက် အရေးကြီးသော ရည်ရွက်မရှိပါက သင်၏ 

အရေးမပါသော ရည်ရွက်ချက်က သင်ကို မည်မည်ရရ ဖြစ်လာစေမည်မဟုတ်ဘဲ သင်သည် ဆင်းရဲချို့တဲ့စွာ

နေထိုင်ရလေိမ့်မည်။ ဆိုသော အဆို အမိန့်တစ်ခုလည်း ရှိလေသည်။ 

နောက်အဆိုအမိန့်တစ်ခုမှာ.

=စိတ်စွမ်းအားဆိုသည်မှာ မိမိ၏ ကိုယ်ပိုင်ညာဏ်ကို အခြေခံ၍ မဆုတ်မနစ် ဆောင်ရွက်မူဖြင့် ခိုင်မာသော

ရည်ရွယ်ချက်မှ ထူးထူးခြားခြား အောင်မြင်ကြီးထွားလာမူပင် ဖြစ်သည် ဟူ၍ ဖြစ်ပါသည်။

သမုဒ္ဒရာ ပင်လယ်ပြင်၌ တက်မရှိသော သင်္ဘောနှင့် ရည်ရွက်ချက် ကင်းမဲ့နေသူတို့သည် နောက်ဆုံးတွင် 

လူသူကင်းမဲ့သော သောင်ပြင်ပေါ်၌ သောင်တင်နေတတ်ကြသည်။ထိုသို့ဖြစ်ပေါ်ရခြင်း 

အကြောင်းတရားများကို သေချာစေ့ငုစွာ အဖြေရှာလိုက်လျှင်။ သေချာ တိကျမူနှင့် ခိုင်မာမူ 

မရှိသည်အဖြစ်ကို မျက်ဝါး ထင်ထင် တွေ့မြင်ရမည်ဖြစ်ပါသည်။ ထိုကြောင့် မည့်သည် လုပ်ငန်း 

မည်သည့်နေရာ၌ ပင် မဆို တိကျသော ခိုင်မာသော စိတ်ဓါတ်များကို အစကတည်းက 

မွေးမြူထားရပေမည် ဖြစ်ပါ၏။ တိကျသောရည်ရွယ်ချက် ရှိသောသူ ခိုင်မာသော သူတို့သည်။ 

ကြောက်ရွံမူမှလည်း ကင်းရှင်းကြသည်။ စိုးရိမ်မူ ပူပန်မူမှလည်း ကင်းဝေးကြပေသည်။ မတိကျ မသေချာ 

မရေရာသော လူများက ထိုသို့မဟုတ်တော့ပါ။ စိတ်၏ စိုးရွံစရာ လန့်ထိပ်စရာအဖြစ်မျိုးနှင် 

ရင်ဆိုင်ရနိုင်မည် ဖြစ်ပါ၏။

ထိုကြောင့် မည်သည့်နေရာ မည်သည့် အဖွဲ့ အစည်း မည်သည့်အကြောင်းအရာမဆို တိကျမူနှင် 

ခိုင်မာမူတို့သည် ဒွန်တွဲနေပေသည်။ လောကလူသားတို့သည် တိကျ သေချာမူက အောင်ပွဲ အလီလီကို 

ရရှိနိုင်ပေသည်။ ဘဝ၏ပန်းတိုင် ဘဝ၏ ရည်မှန်းချက်၊ ဘဝ၏ မှန်းမျှော်ရာ အကြံအစည်စိတ်ကူး 

စိတ်သန့်တို့ကိုလည်း။ ပျော်ရွှင် ချမ်းမြှေ့စွာနှင့် ဘဝ၏အလှတရားတို့ကို ရှာဖွေ နိုင်ကြပါသည်။

 နိဂုံးချုပ် အနေဖြင့် ပြောရလျှင် လူသားသည် တိကျခိုင်မာမူနှင် ခရီးဆက်မည် ဆိုပါလျှင် အောင်မြင်သော 

လူဘောင် အသိုင်း အဝိုင်း၌လည်း ဝင်ဆန့်ပေသည်။ လူပီသသည်ဟူ ဆိုနိုင်ပေသည်။ 

လူသားတို့၏ဘဝသည်လည်း အနာဂတ်အတွက် သာယာလှပသော အနာဂတ် ပန်းခင်းလေးကြီး 

တစ်ခုဖြစ်မည်မှာ ဧကန်မုချ မြေကြီး လက်ခတ် မလွဲ ဖြစ်ပေမည်ဆိုသည်မှာ မှန်လှပေသည်။ထို့ကြောင့် 

သာယာလှပသော စိမ်းစိုးလန်းဆန်းသောပန်းခင်းကြီးပမာ အောင်ပွဲအလီလီနှင့် တိကျခိုင်မာသော 

ရလဒ်ကောင်းများကို ပိုင်ဆိုင်နိုင်ကြပါစေဟု..ရင်ထဲက ဆန္ဒပြုလျှက်…………တိကျခိုင်မာသော 

လူသားတို့အတွက် ဂုဏ်ယူစရာ နေရာကောင်းရှိနေမှာပါ…
                     
                           ဘဝမှာ..ကောင်းကျိုးသုခတရားတွေကို မြောက်များစွာ ပိုင်ဆိုင်နိုင်ကြပါစေ…

                                                                          (ဟိတကာရီ) အရှင်ကုဏ္ဍလ- MA

No comments:

Post a Comment